Better Value, Better Care

Tiny Kingdom- TKH03 Timothy Hay 500g

20,000 Ks
Brand : Pet2go
Product Code: 401004
Out of stock
Product Details

Tiny Kingdom- TKH03 Timothy Hay 500g

✨ Bunny, ယုန်၊ ပူး၊ chinchillas လေးတွေအတွက် မြက်ခြောက် အစာ ✨
✨Tiny Kingdom : Alfafa Hay & Timothy Hay✨
အပင်စား တိရစ္ဆာန်လေးတွေဖြစ်တဲ့ ယုန်၊ ပူး၊ chinchilla တို့ကို ကျွေးတဲ့ အစာပမာဏရဲ့ ၈၀%ခန့်ကို မြက်ခြောက် (Hay)ကို ကျွေးရပါမယ်။ ဆိုလိုတာက ယုန်၊ ပူးလေးတွေက သူတို့ ခန္ဓာကိုယ်အရွယ်အစားနဲ့ ဆတူပမာဏ ရှိတဲ့ မြက်ခြောက် (Hay)ကို နေ့စဉ်စားသင့်ပါတယ်။
🐰 Bunny, Guinea pig စမွေးမယ့် First-timer တွေအတွက် Alfafa Hay နဲ့ Timothy Hay ဘယ်လိုရွေးချယ်ဝယ်ယူကြမလဲ❓
➡️ Alfafa Hay ကို အသက် (၃)ပတ် မှ (၇)လ အတွင်းရှိ ယုန်ငယ်လေးများ၊ နို့တိုက်ယုန်မိခင်များ နှင့် သက်ကြီးယုန်များ ကိုယ်အလေးချိန်ထိန်းဖို့အတွက် ကျွေးသင့်ပါတယ်။
➡️ Alfafa Hay မှာ ပရိုတင်းနှင့် ကယ်လ်ဆီယမ် အများဆုံးပါဝင်တဲ့အတွက် အသက် ၃ပတ်ကနေ ၇လအတွင်းရှိ ယုန်ငယ်လေးတွေ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးရန်နှင့် အစာခြေဖျက်နိုင်စေရန် ကျွေးသင့်ပြီး အသက် ၇လအထက် အရွယ်ရောက်ပြီး ယုန်တွေကိုတော့ High Fiber ဖြစ်ပြီး Low Protein နဲ့ Low Calcium ဖြစ်တဲ့ Timothy Hay ကိုသာ ကျွေးသင့်ပါတယ်။
➡️ High protein နဲ့ high calcium ပါဝင်တဲ့ Alfafa Hay ကို အရွယ်ရောက်ပြီး ယုန်တွေကို ကျွေးမယ်ဆိုရင်တော့ treats သဘောမျိုး ပမာဏ အနည်းငယ်သာကျွေးသင့်ပါတယ်။
➡️ အရွယ်ရောက်ပြီး ယုန်များကို Alfalfa Hay ပမာဏ အများအပြား ကျွေးမိပါက ခန္ဓာကိုယ်အတွက် မလိုအပ်သော ပိုလျှံပရိုတင်းဓာတ်က ကိုယ်အလေးချိန်ကို တိုးလာစေပြီး အခြားသော ကျန်းမာရေး ပြဿနာများကို ဖြစ်စေပါတယ်။

Similar Products

BokDok- Hamster (500g)

6,850 Ks 7,600 Ks

You may also like

See more...