Better Value, Better Care

Hairtone Gel Natural Fish Flavor

15,000 Ks
Brand : Others
Product Code: 205004
Out of stock
Product Details
🌈Hairball ကြောင့် အမွှေးလုံးအန်ခြင်း၊ အစားမဝင်ခြင်းတို့ဖြစ်လေ့ရှိတဲ့ ကြောင်လေးတွေအတွက် ဆေးတွေနဲ့ Hairball control ဖြစ်စေမယ့်အစာလေးတွေ collectionလုပ်ထားပါတယ်ရှင်..
🐈ဘာကြောင့် အမွှေးလုံးအန်တာလဲ?
➡️ ကြောင်လေးတွေ နေ့စဉ်ခန္ဓာကိုယ်ကို လျှာနဲလျက်ပြီး သန့်ရှင်းရေးလုပ်ခြင်းကြောင့် အမွှေးလုံး (HairBall) ဖြစ်ပွားလေ့ရှိပါတယ်.. အထူးသဖြင့် အမွှေးရှည်ကြောင်များနှင့် အမွှေးအကျွတ်များတဲ့ကြောင်လေးတွေမှာ ပိုဖြစ်တတ်ပါတယ်..

➡️ Natural Fish Flavourနဲ့ ပြုလုပ်ထားတဲ့အတွက် အဝင်မဆိုးဘဲ ဆေးတိုက်ရခက်ခဲသော ကြောင်လေးတွေအတွက်လည်း အဆင်ပြေပါတယ်..
(ဆေးမကြိုက်တဲ့ Gloriaတို့ရဲ့ အချစ်တော် Bon Bon ဆိုရင် ပထမဆုံးအကြိမ်မှာတင် Hairtone Gel ကို ကြိုက်သွားပါတယ်.. Hairball ကြောင့် အစားမဝင်ဖြစ်နေတာလည်း ဆေးသောက်ပြီး ဒုတ်ိယရက်လောက်မှာ သိသိသာသာ အစားပြန်စားနိုင်ပါတယ်..⭐️⭐️⭐️)
➡️ Hairtone Gelမှာ Taurine နှင့် Methionine ပါဝင်လို့ အူအတွင်းရှိ HairBall ပိတ်ဆို့ခြင်းကို ဖယ်ရှားပေးပါတယ်..
(Hairball ဖြစ်နေတဲ့ကာလ နေ့စဉ် ၅ရက် မှ ၇ရက် အထိ/ ရောဂါလက္ခဏာပျောက်ကင်းတဲ့အထိ ကျွေးပေးရပါမယ်၊ ၂ပတ်ထက် ပိုပြီးကျွေးဖို့မသင့်ပါဘူး)

ဆေးညွှန်း
For Cats - 1kgနှင့်အထက် သို့မဟုတ် ၃လ~ ၂နှစ်အထက် >> (0.5 -1 teaspoon once a day.)

​For Dog -  5kg နှင့်အထက် သို့မဟုတ် အသက် ၂နှစ်အထက် >> (1-2 teaspoons once a day)
(Note: 1 teaspoon = 6 grams)

Similar Products

Guardizen

2,600 Ks

Vetzyme

13,300 Ks
See more...

You may also like

See more...