Better Value, Better Care

🐶ဝုလေးတွေပြုံးပြရင် အရမ်းချစ်စရာကောင်းတယ်နော် ဒါပေမယ့် ပြုံးလာအောင်လုပ်ရမှာခက်နေလား❓

🐶ဝုလေးတွေပြုံးပြရင် အရမ်းချစ်စရာကောင်းတယ်နော် ဒါပေမယ့် ပြုံးလာအောင်လုပ်ရမှာခက်နေလား❓

  • May 21, 2023
Make Your dog smile 😃
🐶ဝုလေးတွေပြုံးပြရင် အရမ်းချစ်စရာကောင်းတယ်နော် ဒါပေမယ့် ပြုံးလာအောင်လုပ်ရမှာခက်နေလား❓
🦴ဝုလေးတွေပြုံးဖို့ဆိုတာ သူတို့လေးတွေရဲ့ ခံတွင်းကျန်းမာရေး အခြေအနေ နဲ့အများကြီးသက်ဆိုင်ပါတယ်။ ဝုလေးတွေရဲ့ သွားဖုံး၊ အရိုး တွေရဲ့ ကျန်းမာရေးကိုပုံမှန်စစ်ပေးဖို့လိုပါတယ်။ တခါတရံ အခြေခံကျန်းမာရေး စစ်ဆေးဖို့၊ ကာကွယ်ဆေးထိုးဖို့တောင် မလုပ်ဖြစ်တဲ့သူတွေ၊ လုပ်ရမှန်းမသိတဲ့သူတွေလဲရှိလို့ အဲ့လိုမဖြစ်အောင်ဂရုစိုက်ပေးကြပါနော်။
🦴ဝုလေးတွေကိုပုံမှန်ခံတွင်းသန့်ရှင်းရေးလုပ်ပေးရပါမယ်။ Pet လေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ခံတွင်းသန့်ရှင်းတဲ့ဆေးရည်နဲ့ သွားတိုက်တံလေးတွေကို Pet supplies ဆိုင်တွေမှာဝယ်ယူလို့ရနိုင်ပါတယ်။
🦴ဝုလေးတွေအတွက် အာဟာရမျှတအောင်သီးသန့်ထုတ်လုပ်ထားတဲ့ အစာခြောက် (Dry food) ကိုပဲကျွေးပေးတာဟာ သူတို့လေးတွေရဲ့ Nutrition Balance အတွက်အသင့်တော်ဆုံးဖြစ်ပါတယ်။
🦴သွားတွေသန်မာဖို့ အတွက်ဝုလေးတွေ ကိုက်ပြီးဆော့ဖို့ ကိုက်လို့ရတဲ့ အရုပ်လေးတွေ (Chewing Toy)၊ အရိုးလေးတွေ၊ Dental Bone လေးတွေ ပေးထားဖို့လိုပါတယ်။
အပေါ်က tips လေးတွေအတိုင်းဂရုစိုက်ပေးရင် ဝုလေးတွေမှာ သွားနဲ့ ခံတွင်း ရောဂါတွေကင်းဝေးပြီး စိတ်လိုလက်ရ ပြုံးလာဖို့ အခွင့်အရေးတွေအများကြီးပိုလာမယ်ဆိုတာ အသေအချာပဲနော် 🥰

Categories