Better Value, Better Care

ဝုလေးတွေ တစ်ကောင်နဲ့ တစ်ကောင်တွေ့ရင် အနံ့ခံကြည့်ခြင်းအကြောင်း

ဝုလေးတွေ တစ်ကောင်နဲ့ တစ်ကောင်တွေ့ရင် အနံ့ခံကြည့်ခြင်းအကြောင်း

  • May 19, 2023
ဝုလေးတွေ တစ်ကောင်နဲ့ တစ်ကောင်တွေ့ရင် အနံ့ခံကြည့်ကြတာတွေ့ရမှာပါ။ အထူးသဖြင့် **အိုနေရာကိုလိုက်အနံ့ခံရင် အမြင်မတော်သလို ခံစားရတဲ့အခါမျိုးတွေ ကြုံဖူးကြလား ‼️

အဲ့လိုအမြင်မတော်သလိုအပြုအမူလို့မြင်ရတာက ဝုလေးတွေအတွက်က လူတွေမှာဆို လက်ဆွဲနုတ်ဆက်သလိုမျိုး 🤝greeting gesture ပါတဲ့
ဝုလေးတွေရဲ့ အနံ့ခံစနစ်က လူတွေထက် အဆ 10000 ကနေ 100000 အထိပိုမိုကောင်းမွန်ပါတယ်။

ဝုလေးတွေ တစ်ကောင်နဲ့တစ်ကောင် ဆက်သွယ်တဲ့နေရာမှာ အနံ့ခံစနစ်ကအရမ်းကိုအရေးပါပါတယ်။

အထူးသဖြင့် **အိုနေရာကိုအနံ့ခံခြင်းကနေတဆင့် အရမ်းကိုအရေးကြီးတဲ့ informationတွေကိုသူတို့လက်ခံရရှိကြပါတယ်။ ဥပမာ- တခြားဝုလေးရဲ့ အစားအသောက်ပုံစံ နဲ့ စိတ်အခြေအနေ ကိုသိရှိနိုင်ခြင်း၊ gender (အထီး၊အမ) ခွဲခြားနိုင်ခြင်း တွေပါဝင်ပါတယ်။

⚠️ကြိုးချည်ထားတဲ့ ဝုလေးတွေ၊ ချုပ်နှောင်ခံထားရတဲ့ ဝုလေးတွေဟာ သူတို့သဘာဝအတိုင်း လေ့လာစူးစမ်းခွင့်မရကြလို့ ပိုပြီး ရန်လိုနေတာ၊ ကိုက်လွယ်တာတွေဖြစ်လာတတ်တာကို သတိပြုမိကြမှာပါ⚠️

ဒါကြောင့် မိမိတို့ရဲ့ ဝုလေးတွေက တခြားဝုလေးတွေကို အနံ့ခံကြည့်နေပြီဆိုရင် ခွင့်ပြုပေးဖို့လိုပါတယ်နော်။ ဒါမှသူတို့ရဲ့သဘာဝ အလျောက် လေ့လာစူးစမ်းမှုကိုအားပေးရာရောက်ပြီး သူတို့လေးတွေရဲ့ အမူအကျင့်လေးတွေကိုလဲ သဘာဝအတိုင်းထိန်းညှိပေးရာရောက်ပါတယ်❤️❤️❤️

Categories