Better Value, Better Care

ကြောင်လေးတွေအခုမှစမွေးမယ့်သူတွေနဲ့ သူတို့သဘာဝလေးတွေကို ဗဟုသုတ အနေနဲ့ ဖတ်လို့ရအောင် စိတ်ဝင်စားစရာအချက်လေးတွေ ကိုပုံလေးတွေနဲ့အတူ ပြောပြမယ်နော်။

ကြောင်လေးတွေအခုမှစမွေးမယ့်သူတွေနဲ့ သူတို့သဘာဝလေးတွေကို ဗဟုသုတ အနေနဲ့ ဖတ်လို့ရအောင် စိတ်ဝင်စားစရာအချက်လေးတွေ ကိုပုံလေးတွေနဲ့အတူ ပြောပြမယ်နော်။

  • May 22, 2023
🐈 🐈‍⬛ ကြောင်လေးတွေအခုမှစမွေးမယ့်သူတွေနဲ့ သူတို့သဘာဝလေးတွေကို ဗဟုသုတ အနေနဲ့ ဖတ်လို့ရအောင် စိတ်ဝင်စားစရာအချက်လေးတွေ ကိုပုံလေးတွေနဲ့အတူ ပြောပြမယ်နော်။
➡️လူသားတွေရဲ့ ခန္ဓာကိုယ်မှာ ပျှမ်းမျှအရိုးစုစုပေါင်း 206 ချောင်းရှိပေမယ့် ကြောင်လေးတွေမှာ သူတို့ရဲ့ အမြှီး အရှည်နဲ့ ခြေချောင်းအရေအတွက်ပေါ်မူတည်ပြီး ပျှမ်းမျှ အရိုးစုစုပေါင်း 244 ချောင်း( 230~250) နဲ့ဖွဲ့စည်းထားပါတယ်။
➡️အရွယ်ရောက်ပြီးကြောင်လေးတွေမှာ သွား ၃၀ ချောင်းရှိပြီး၊ ၁ နှစ်အောက်ကြောင်ငယ်လေးတွေ မှာတော့ သွား၂၆ ချောင်းရှိပါတယ်။
➡️ကြောင်လေးတွေဟာ သူတို့အရပ်ထက် ၅ ဆဝေးတဲ့ အကွာအဝေးအထိတောင် ခုန်နိုင်ကြပါတယ်တဲ့။
➡️ကြောင်လေးတွေရဲ့လျှာမှာ ချိတ်လိုအချွန်လေးတွေအမြှောက်အများရှိပါတယ်။ အဲ့အချွန်လျှာလေးတွေကိုသုံးပြီး အစာစားရာမှာ အကြွင်းအကျန်မရှိအောင်စားနိုင်ကြပါတယ်။
➡️ကြောင်လေးတွေ တစ်ကောင်ချင်းစီရဲ့ နှာခေါင်းလေးတွေက ဟူးမန်းတွေမှာဆို လက်ဗွေရာ လိုမျိုးတစ်ကောင်နဲ့တစ်ကောင် ကွဲပြားကြပါတယ်။
➡️သင်းထားတဲ့ ကြောင်ထီးလေးတွေက မသင်းထားတဲ့ ကြောင်ထီးလေးတွေထက် 62% ပိုအသက်ရှည်နေနိုင်ကြပြီး ၊ ကြောင်အမလေးတွေကတော့ သားအိမ်ထုတ်ထားတဲ့ ကြောင်မလေးတွေက မထုတ်ထားတဲ့ အမလေးတွေထက် 39% ပိုအသက်ရှည်နေနိုင်ကြပါတယ်။
➡️ကြောင်လေးတွေရဲ့နှုတ်ခမ်းမွှေးအရှည်ဟာ သူတို့ကိုယ်ခန္ဓာ အကျယ်နဲ့ညီမျှပါတယ်။ဒါမှသူတို့အရာဝတ္တုတွေကိုတိုင်းတာတဲ့နေရာမှာ နှုတ်ခမ်းမွှေးအရှည်နဲ့ အလွယ်တကူ တိုင်းတာလို့ရနိုင်မှာပါ။
➡️ကြောင်လေးတွေဟာ ကုလားအုတ် တို့ သစ်ကုလားအုတ် တို့နဲ့လမ်းလျှောက်ပုံဆင်တူပါတယ်။ ညာခြေ၊ညာလက် တစ်ပြိုင်တည်းအရင်လှမ်းပြီးမှ ဘယ်ခြေဘယ်လက် တစ်ပြိုင်တည်းလှမ်းကြပါတယ်။
➡️ကြောင်လေးတွေရဲ့ တနေ့ အိပ်ချိန်ဟာ 12-16 နာရီရှိပြီး ကျန်တဲ့နိုးနေတဲ့အချိန်တွေရဲ့ ၃ပုံ၁ပုံကို သူတို့ခန္ဓာကိုယ်သန့်ရှင်းရေးလုပ်ရင်းအချိန်ကုန်ကြပါတယ်တဲ့။
➡️ကြောင်လေးတွေလဲ အိပ်မက် မက်တတ်ကြပါတယ်တဲ့။

Categories